ကိုဗစ်ချေးငွေရယူထားတဲ့ လုပ်ငန်းရှင်များအနေဖြင့် ၃ လ အတွင်း သက်ဆိုင်ရာဘဏ်များကနေ တစ်ဆင့် အကြေပေးချေရန် အသိပေး

ဇနါနဝါရီ ၂၆

မွန်ပြည်နယ်ရှိ ကိုဗစ် – ၁၉ ရောဂါ ရန်ပုံငွေမှ ချေးငွေများရ ယူထားတဲ့ ကုမ္ပဏီ/ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပေးဆပ်ရန်ကျန်ရှိတဲ့ ချေးငွေများကို ၃ လအတွင်းသက် ဆိုင်ရာဘဏ်များကနေ တစ်ဆင့် အကြေ ပေးချေရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားထားပါတယ်။ ကိုဗစ် – ၁၉ ရောဂါ ရန်ပုံငွေမှ ချေးငွေများရယူထားသည့် ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မွန်ပြည်နယ်တွင် ချေးငွေရယူထားတဲ့ စီးပွားရေး လုပ်ငန်းရှင် ၁၈၆ ဦးရှိပြီး ချေးငွေ သက်တမ်းပြည့်မြောက်တဲ့ အရေအတွက်အနေဖြင့် ၁၈၀ ဦးရှိပြီး ကျန်ရှိတဲ့ ၆ ဦး မှာ ဖေဖော်ဝါရီလတွင် ၃ ဦး၊ ဧပြီလတွင် ၁ ဦးနဲ့ မေလတွင် ၂ ဦး သက်တမ်းပြည့်မှာ ဖြစ်ကြောင်း သိရပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲအ‌နေဖြင့် မိမိတိုပြည်နယ်အတွင်း စီးပွားရေးဖွံဖြိုးတိုးတက်ရန် အလုပ်အကိုင် အခွင့်အလမ်းများပေါများရန် စားရေရိက္ခာဖူလုံရန်စသဖြင့် ဘက်ပေါင်းစုံမှ အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံမှ စီးပွားရေးလုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေးပေး လျက် ရှိကြောင်း သိရပါတယ်။အဆိုပါ ချေးငွေရယူလိုသူများအနေဖြင့် ကိုဗစ်ချေးငွေကို ဦးစွာအကြေပေးဆပ် ပြီးမှသာ ထပ်မံပြီးချေးငွေရရှိရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များရဲ့ အခက်အခဲများကို အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုဗစ်ချေးငွေ အပြည့်အဝပေးဆပ်ရန် ကျန်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အချိန်ကာလ တစ်ခု အထိ သုံးသင့်သလောက်သုံးပြီးဖြစ်တဲ့အတွက် ချေးငွေမရရှိသေးတဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်များကို တစ်လှည့် ပြန်ပြီး ကူညီဆောင် ရွက်ပေးနိုင်‌ရန် ချေးငွေများကို ပြန်လည်ပေးဆပ်ပေးကြစေလိုကြောင်းလည်း ဝန်ကြီးချုပ် က အသိပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၃ လအတွင်း မိမိတို့ရယူထားတဲ့ ချေးငွေများကို သက်ဆိုင်ရာမြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်များမှာ အကြေပေးဆပ်ပေးကြ‌ရန် ထပ်လောင်း ပြောကြားထားပါတယ်။

PAN