မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ Drone ယာဉ်များအား သိမ်းဆည်းရမိ

ဇန်နဝါရီလ ၂၅

ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောပုကျေးရွာတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များရှိရာသို့ ဦးတည်၍ အကြမ်းဖက် PDF များ ထိန်းချုပ်မောင်းနှင်လာသော Fixed Wind Drone ယာဉ် ၂ စီးက်ု ပစ်ချဖျက်ဆီ နိုင်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာ အထိုင်နေရာများကို မကြာခဏ ချောင်းမြောင်း ပစ်ခတ် သလို Drone ယာဉ်များအသုံးပြု၍ တိုက်ခိုက်လေ့ရှိကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက်လှုပ်ရှားနေသောအဖွဲ့များကို ၂၀၂၄ ခုနှစ် နှစ်အစမှစတင်၍ လုံခြုံရေး အဖွဲ့များက မြေပြင်သတင်းရယူကာ အရှိန်မြှင့် လုပ်ကိုင်ဆောင်ရွက်လာသည်ကို မြေပြင်သတင်းများအရ သိရှိရပါသည်။

PAN