တရုတ်က နိုင်ငံတကာ စာမျက်နှာတွင် မြန်မာနိုင်ငံအတွက် အမှန်တရားဘက်မှ ရပ်တည်မည်

ဇန်နဝါရီ ၂၅

တရုတ်နိုင်ငံက နိုင်ငံတကာ စာမျက်နှာတွင်ဆက်လက်ပြီး မြန်မာနိုင်ငံအတွက် အမှန်တရားဘက်မှ ရပ်တည်ပြောဆိုမည်ဖြစ်ကြောင်း တရုတ်သံရုံး သံမှူးကြီးက ပြောဆိုလိုက်ကြောင်း၊ မြန်မာနိုင်ငံမှာရှိသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်နှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong မှ “တချို့နိုင်ငံတွေက တရုတ်၊ မြန်မာ နှစ်နိုင်ငံကို တစ်ဖက်သတ် ဒဏ်ခတ်အရေးယူတာတွေ အလွဲသုံးစား လုပ်ဆောင်နေပါတယ်။ ဒါတွေက ပင်ကိုသဘာဝအရဆိုရလျှင် ဗိုလ်ကျကြီးစိုးတဲ့လုပ်ရပ်နဲ့ ပါဝါနိုင်ငံရေး ပဲဖြစ်ပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ခေါင်းစဉ်နဲ့ သီးသန့်အုပ်စုများဖွဲ့ခြင်းဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါး ရပ်၊ တန်းတူညီမျှဖြစ်ပြီး စနစ်ကျတဲ့ ဗဟုဝင်ရိုး ကမ္ဘာနဲ့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ အားလုံးပါဝင်တဲ့ စီးပွားရေးဂလိုဘယ်လိုက်ဇေး ရှင်းတို့နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံလုံးက ဒါကြောင့် များစွာဒုက္ခ ရောက်ခဲ့ ရပါတယ်။ မြန်မာနိုင်ငံ တွေ့ကြုံနေ ရတဲ့ မျှတမှုမရှိတဲ့ ခံစားရမှုတွေကို တရုတ် နိုင်ငံက တန်းတူခံစားရပြီး နိုင်ငံတကာ စာ မျက်နှာမှာ ဆက်လက်ပြီး မြန်မာနိုင်ငံ အတွက် အမှန်တရားဘက်က ရပ်တည်ပြောဆိုပေး သွားမှာဖြစ်ပါတယ်” ဟုပြောကြားသွားကြောင်း သိရသည်။

မီဒီယာများက တရုတ်-မြန်မာချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ခဲ့ ကြပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းခဲ့ကာ တရုတ်-မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများနှလုံးသားထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေကြောင်း၊ လက်ရှိတွင် ကမ္ဘာကြီးသည် ကြီးမားသော စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရပြီး သတင်းတုသတင်းမှား များစွာ ပျံ့နှံ့နေကြောင်း၊ မီဒီယာများက တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်ကာ တရုတ်-မြန်မာချစ်ကြည်ရေး အကြောင်းအရာများကို ပြန့်ပွားစေပြီး နှစ်နိုင်ငံချစ် ကြည်ရင်းနှီးစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးထမ်းဆောင်ပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်းနှင့်ပတ်သည့်မေးမြန်းရာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ခံ အားပေးကာ မြန်မာနိုင်ငံ အမြန်ဆုံး ပြန်လည် တည်ငြိမ် အေးချမ်းသွားဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းမှဖြေကြားခဲ့ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက် မှုများ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံမှပါဝင်ပတ်သက်မှုများရှိနေသည်ဟု ပြည်တွင်းမှာနေထိုင်သည့်နိုင်ငံသားများမှ သုံးသပ်ပြောဆိုမှုများရှိနေသကဲ့သို့ မြန်မာနိုင်ငံအရေးကို ပြည်ပနိုင်ငံများမှဝင်ရောက်စွပ်ဖက်မှုများမပြု ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုများလည်း မကြာခင်က နိုင်ငံအနှံ့အပြားတွင်ပြုလုပ်ခဲ့ကြသည်။

PAN