စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာနှင့်ရွာမကျေးရွာအနီး ခိုးအောင်နေသော အကြမ်းဖက် PDF အဖွဲ့များကို ရှင်းလင်းရာ အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာအနီးတွင် အကြမ်းဖက် PDFများ ခိုအောင်နေကြောင်း မြေပြင် လျှို့ဝှက်သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းရာ အကြမ်းဖက်အလောင်း လက်နက် ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာနှင့်ရွာမကျေးရွာ အနီးတဝိုက်တွင် အကြမ်းဖက် PDF များ ခိုအောင်းလှုပ်ရှားနေသော နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေအသေးစိတ်ရှင်းလင်းဆောင်ရွက်စဉ် ရွာမကျေးရွာအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF အလောင်း ၄ လောင်း၊ လက်လုပ်သေနတ် (အရှည်) ၂ လက်၊ လက်လုပ်သေနတ်(အတို) ၃ လက်၊ ၉ မမ ကျည် ၅ တောင့်၊ ၅.၅၆ မမကျည် ၉၈ တောင့်၊ ၁၂ ဗို့ကျည် ၂၆ တောင့်၊ အမ်-၂၂ ကျည် ၁၅ တောင့်၊ လက်လုပ်ကျည်အိမ် ၅ ခု၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ မှန်ပြောင်း ၁ လက်၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ ပြောက်ကျားဦးထုပ် ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် သမားများ ဆုတ်ခွာထွက်ပြေးသွားကြ ကြောင်း သိရှိရပါသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရှိရသလို အကြမ်းဖက်အဖွဲ့များ ဆုတ်ပြေးရာ လမ်းကြောင်းသို့ ဆက်လက်စုံစမ်းထောက်လှမ်း၍ မြေပြင်တည်ငြိမ်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

PAN