ဗန်းမောက်မြို့နယ် ၊ နားတိုင်းဖန်းကျေးရွာအနီး အကြမ်းဖက်PDFအဖွဲ့များကို ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်အလောင်း ၊ဆက်စပ်ခဲယမ်းများသိမ်းဆည်းရရှ်ိ


ဇန်နဝါရီလ ၂၃

ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင်
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဗန်းမောက်မြို့နယ် ၊ နားတိုင်းဖန်းကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် KIA/PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှ်ိရပါသည်။

ဒေသတွင်းပြည်သူများ၏ လျှိုဝှက်သတင်းပေးချက်အရ နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့မှ ဗန်းမောက်မြို့နယ် အတွင်းအကြမ်းဖက်ရှင်းလင်းရေးဆောင်ရွက်ရာ နားတိုင်းဖန်းကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့များတွေ့ရှိရ၍ ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက် KIA/PDF ၁ လောင်း ၊ ကျည်အိမ် ၂ ခု ၊ ကျည်မျိုးစုံ ၅၂၅ တောင့် ၊ လက်ပစ်ဗုံး ၈ လုံး ၊အိုင်ကွန် ၁ လုံး ၊ အီကွေမန့် ၁ ခု၊ ကျောပိုးအိတ် ၁ လုံး တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews