ပါလက်စတိုင်းနိုင်ငံကို ပယ်ချသည့် အစ္စရေးအတွက် “အကျိုးဆက်များ” ချမှတ်ရန် ဥရောပသမဂ္ဂ ဆွေးနွေးရန်ရှိ

ဇန်နဝါရီ ၂၃

     ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုအား ဝန်ကြီး ချုပ် နေတန်ညာဟု လက်ထက် ဆက်လက် ဆန့်ကျင်နေပါက အစ္စရေးနိုင်ငံ အပေါ် “အကျိုး ဆက်များ” ချမှတ်ရန် ဥရောပသမဂ္ဂ (EU) အနေ ဖြင့် စဉ်းစားနေသည်ဟု Financial Times သတင်းဌာနက ဇန်နဝါရီ ၂၁ ရက်၊ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့ပြီး ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများ လှိုင်းလုံးပမာတိုးလာမှုကြောင့် ၎င်း အစီအစဉ်ကို ယမန်နေ့တနင်္လာ နေ့တွင် အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဆွေးနွေးရန်ရှိသည်ဟု ဆိုသည်။

      ဥရောပသမဂ္ဂ ၊ အမေရိကန်နှင့် အမေရိကန်
သမ္မတ ဂျိုးဘိုင်ဒင်တို့၏ ဖိအားများကြားမှ နေတန်ညာဟု သည် ဂါဇာ၌ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် စိတ်ကူးကို အကြိမ်ကြိမ် ဆန့်ကျင်နေခဲ့သည်။ ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်က ရက်စက်ကြမ်း ကြုတ်မှုများအပြီး၌ အစ္စရေး၏ လေကြောင်းနှင့် မြေပြင်စစ်ဆင်ရေး စတင်ချိန်မှစ၍ လူပေါင်း ၂၅,ဝဝဝ သေဆုံးခဲ့သည်ဟု ဂါဇာ အချက်အလက်များက ဖော်ပြထားသည်။

      သို့သော်လည်း အဆိုပါ ကိန်းဂဏန်းများမှာ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနသည် ဟားမတ်စ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် အတည်ပြုရန် မဖြစ်နိုင်ဟု ဆိုသည်။

      အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဖြစ်လာစေမည့် နှစ်ပြည် ထောင် အဖြေရှာသည့် စနစ်သည် ယခုလက်ရှိ ပြဿနာအတွက် တစ်ခုတည်းသော အဖြေဖြစ်သည်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ယမန်နေ့တွင် EU နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ မထွက်ခွာမီ ပြောကြားခဲ့သည်။ “ယင်းအဖြေမျိုးကို မကြားချင်သောသူ အားလုံးအတွက် အခြားသော ရွေးချယ်စရာ တစ်ခုခု ရှိလာမည်မဟုတ်ပါ” ဟုပြောကြားခဲ့ပြီး ဂါဇာကမ်းမြှောင်ဒေသတွင် အရှိန်ပြင်းထန်သော စစ်ပွဲအား အရေးပေါ် ” လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ခေတ္တရပ်ဆိုင်းမှု ” ပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

      ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi က အစ္စရေးအစိုးရ၏ ” အစွန်း ရောက်သော လူမျိုးရေးခွဲခြားမှု လုပ် ငန်းစဉ်” အပေါ် ယမန်နေ့က ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် နှစ်ပြည် ထောင်စနစ်ကို လက်ခံရန် ငြင်းပယ်မှုသည် ကမ္ဘာ့နိုင်ငံများအား စိန်ခေါ်လိုက်ခြင်း ဖြစ် သည်ဟု ပြောကြားခဲ့သည်။

      “ယခုပြဿနာအပေါ် တစ်ခုတည်းသော နည်းလမ်းမှာ နှစ်ပြည်ထောင်အဖြေရှာခြင်း” ဖြစ်သည်ဟု ဘရပ်ဆဲလ်၌ ပြုလုပ်သည့် EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သတင်းထောက်များအား ပြောကြားခဲ့ကာ “၎င်းတို့သည် နိုင်ငံ တကာအသိုက်အဝန်းတစ်ခုလုံးကို စိန်ခေါ် ဆန့် ကျင်ခြင်းဖြစ်ပြီး ကမ္ဘာကြီးအနေဖြင့် ရပ်တည်မှု တစ်ခုခု ရယူရန် အချိန်ကျပြီဖြစ်သည်” ဟုပြောကြားခဲ့ကြောင်း ABC Fox သတင်းတွင် ဖော်ပြထားသည်။