ကျိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါးများ၊လက်နတ်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


ဇန်နဝါရီ ၂၃

ကျိုင်းတုံမြို့နယ်၊ နားကော် (၃)ရွာအနီးတွင် ၂၂.၁.၂၀၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင်
မူးယစ်ဆေးဝါးများ၊လက်နတ်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမူးယစ်ရဲ(အထူး)တပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ- မိုင်းခုတ်- မိုင်းဆတ်သွား ကားလမ်းအနီး အားစော(၃၀)နှစ်၊မောင်းနှင်ပြီး အားကော်(၂၅)နှစ်မှလိုက်ပါစီးနင်းလာသော HILUX REVO ယာဉ်အား ရပ်တန့်စေပြီး စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းတွင် ဘိန်းဖြူဘလောက်တုံးများမက်သ်အဖက်တမင်းနှင့် ကတ်တမင်း စသည့် မူးယစ်ဆေးဝါးများ ( စုစုပေါင်းကာလတန်ဖို*း *သိန်းပေါင်း* ၁၅၁၀၈၅ သိန်း*) နှင့် ၎င်းတို့ထိုင်သော ထိုင်ခုံကြားတွင် အမ် -၂၂ သေနတ် ၁ လက်၊ အမ်- ၁၆ သေနတ် ၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှ သတင်းရရှိသည်။

#PAN

Telegram link

https://t.me/positiveanglenews