ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတက်ရောက်နေသည့် ဒုတိယဝန်ကြီးချုပ် ဦးသန်းဆွေ အာရပ်စော်ဘွားများ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲခေါင်းဆောင် Minister of State Mr. Khalifa Shaheen Almarar ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud, MP နှင့် ယူဂန်ဒါနိုင်ငံ Minister of State Hon. John Mulimba တိုနှင့် တွေ့ဆုံခဲ့

ဇန်နဝါရီ ၂၁

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို၌ ကျင်းပပြုလုပ်ခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲခေါင်းဆောင် Minister of State Mr. Khalifa Shaheen Almarar နှင့် ဇန်နဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud, MP နှင့် ယူဂန်ဒါ Minister of State for Foreign Affairs Hon. John Mulimba တိုနှင့် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း ရန်ဇိုရီကွန်ဗင်းရှင်းစင်တာ၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ်မှာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထိုအပြင် မြန်မာ-အာရပ်စော်ဘွားများ ပြည်ထောင်စု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ-ယူဂန်ဒါ တိုအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာစေရေး၊ ဘက်မလိုက်လှုပ်ရှားမှု အဖွဲအတွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

#PAN