ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းဆုံနေရာ၌ ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် ယာဥ်ထိန်းတပ်ဖွဲ့အား PDFအမည်ခံအကြမ်းဖက်အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး

ဇန်နဝါရီ ၂၂

ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းဆုံနေရာ၌ ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်ရန် ယာဉ်ပေါ်မှ အောက်သို့ဆင်းစဉ် PDFအမည်ခံအကြမ်းဖက်အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်မှာ ယနေ့ နံနက် ၈နာရီ ၄၀မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ပြည်ပန်းကျေးရွာအနီး၊ မြို့ရှောင်လမ်းဆုံ၌ ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်ရန် ယာဉ်ပေါ်မှ အောက်သို့ဆင်းစဉ် (အမျိုးအစားစိစစ်ဆဲ)အနက်ရောင် မော်တော်ယာဉ်ပေါ်မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ပြီးကျောက်ဆည်ဘက်မှကူမဲဘက်သို့ ​မောင်းနှင်ထွက်ပြေးသွားခဲ့​ကြောင်း သိရသည်။

အဆိုပါ ပစ်ပေါက်ခဲ့သည့် လက်လုပ်မိုင်းသည် လမ်းယာဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်ဆည်မြို့ဘက်မှ ပြည်ပန်းကျေးရွာဘက်သို့ ဆိုင်ကယ် ဖြင့် မောင်းနှင်လာသည့် ဦးတင်စိုး၊၅၆နှစ်၊(ဘ)ဦးကျော်သိန်း၊သ​ပြေကုန်းရွာ၊ ကျောက်ဆည်မြို့နယ်နေသူတွင် နားထင် ရှပ်ထိဒဏ်ရာ ၁ချက်၊ ယာဘက် ဆီးအိမ်ထိမှန်ဒဏ်ရာ ၁ချက်(စိုးရိမ်)ရ ဒဏ်ရာများရရှိခဲ့ပြီး ကျောက်ဆည်​မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိသည်။