မုပ္ပလင်ကျေးရွာ ၊ ဈေးတန်းရပ်ကွက်နေထိုင်သူ အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦးပစ်ခတ်ခံရ၍ သေဆုံး


ဇန်နဝါရီ ၁၉

ယနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ခန့် တွင် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ မုပ္ပလင်ကျေးရွာ ၊ အထက(မုပ္ပလင်)အနီးတွင်အမျိုးသား ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ မုပ္ပလင်ကျေးရွာ ၊ ဈေးတန်းရပ်ကွက်နေထိုင်သူ ဦးတင်အေး (၇၅)နှစ်၊ (ဘ)ဦးထွန်းရီ ၊ မပတ(ရှိ/မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ သည် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး
အထက(မုပ္ပလင်)တွင် တက်ရောက်နေသူ မြေးမဖြစ်သူ ကေခိုင်ဂျူး Grade-11 ကို ၅၃ ယ/ ၆၆၈၇၅ နံပါတ်ပါ Wave R ပြာ/စိမ်းရောင် ယာဉ်ဖြင့် ၁ဦးတည်း ကျောင်းကြိုရန်လာရောက်စဉ် အကြမ်းဖက်သမားများ (စိစစ်ဆဲ) ၂ ဦးမှ ဆိုင်ကယ် (အမျိုးအစား/အရောင်) စိစစ်ဆဲ ၁ စီးဖြင့် နောက်မှလိုက်လာ၍ လက်နက်ငယ်(အတို)ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့ရာ ဦးတင်အေး၏ နောက်ကျောဘက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက် ၊ ကျည်ရှပ် ထိဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ ဖြစ်စဉ်နေရာအား ပူးပေါင်းအဖွဲ့မှ
ဖြစ်စဉ်ဖြစ်ပွားအပြီး မိနစ် ၂၀ ခန့်အကြာတွင် ရောက်ရှိခဲ့ပြီး အကြမ်းဖက်သမား
၂ ဦးသည် ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်ဖြင့် ပျဉ်းကတိုးကုန်းကျေးရွာသို့ ထွက်ပြေးသွား ခဲ့ကြောင်း သိရှိရ၍ အကြမ်းဖက်သမားများ ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN