နမ့်လင်းချောင်းကူးကျောက်စီတံတား ကမ်းကပ်ခုံနှင့် ကပ်လျက် အစွန်းပိုင်း ၂ ဘက်စလုံးပေါ်မှ အက်ကြောင်း များကို အကြီးစားပြင်ဆင်လျက်ရှိ

ဇန်နဝါရီ ၁၉

ယမန်နေ့က သျှမ်းပြည်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ လမ်းဦးစီး၏ အပြီးသတ်စစ်ဆေးချက်အရ တံတားပေါ် မှဖြတ်သန်း သွားလာခွင့် ပိတ်လိုက်ကြောင်း၊ မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့်မပြုတော့ပဲ ကမ်းကပ်ခုံနှင့် ကပ်လျက် အစွန်းပိုင်း ၂ ဘက်စလုံးပေါ်မှ အက်ကြောင်းများကို အကြီးစားပြင်ဆင်ရန်လိုအပ်ပြီး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်၂၀.၁.၂၀၂၄ ရက်နေ့ထိ တံတားကိုလုံး၀အသုံးပြုခွင့် မပေးတော့ကြောင်း၊ လိုအပ်သည့် အကြီးစားပြင်ဆင်မှုကို ယမန်နေ့ မှ စတင်ကာ ပြင်ဆင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့အတူ တာချီလိတ်-ကျိုင်းတုံကားလမ်းမကို အသုံးပြုကာသွားလာနေသည့် ခရီးသည်တင်ယာဥ်ကြီး ယာဥ်ငယ်များ ကုန်စည်ပို့ဆောင်သည့် ယာဉ်များအားလုံးကို ကျိုင်းတုံ-ပန်လီ-မိုင်းဟဲ-ပုံလို့(တာချီလိတ်)လမ်းကြောင်း နှင့်မိုင်းယောင်း-မိုင်းဖြတ်-မိုင်းဟဲ(ဘိုရှီး)ပုံလို့(တာချီလိတ်)လမ်းကြောင်းကို ကုန်စည်စီးဆင်းမှုမပြတ်တောက်သွားစေရေး၊ ဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် လောလောဆယ်အခြေအနေအပေါ် အစားထိုးအသုံးပြုနေကြောင်း သတင်းရရှိသည်။

#PAN