အစ္စရေး၏ ဂါဇာမြောက်ပိုင်းအတွင်း အလွန်ပြင်း ထန်သော “high-intensity” မြေပြင်စစ်ဆင်ရေးကို အဆုံးသတ်မှုသည် “အပြုသဘောဆောင်သော ခြေလှမ်း” ဖြစ်သည်ဟု အမေရိကန်မှ ပြောကြား

ဇန်နဝါရီ ၁၈

      အစ္စရေးနိုင်ငံ၏ ဆုံးဖြတ်ချက်ဖြစ်သော ဂါဇာ
ကမ်းမြှောင်ဒေသ မြောက်ပိုင်းအတွင်း အလွန် ပြင်း ထန်သော မြေပြင်စစ်ဆင်ရေးကို အဆုံးသတ်မှုသည် “အပြုသဘောဆောင်သော ခြေလှမ်း” ဖြစ်သည်ဟု အိမ်ဖြူတော်မှ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

      “ဂါဇာမှ စစ်တပ်ဌာနခွဲ တစ်ခုမှ တပ်ဖွဲ့များကို လုံး လုံး ဖယ်ရှားလိုက်ခြင်းကို မိမိတို့အနေဖြင့် အင်အားလျှော့ချထားသော စစ်ဆင်ရေးဘက်ကို အပြုသဘောဆောင်မည့် ခြေလှမ်းတစ်ခုအဖြစ်ထင်မြင်ယူဆပါကြောင်း၊ မိမိတို့ အနေဖြင့် ယင်းတပ်ဖွဲ့တစ်ခုလုံးကို ဖယ်ရှားလိုက်ခြင်းနှင့် ယင်းသည် ဂါဇာမြောက်ပိုင်းသို့ လူများ ပြန်လည်ပြောင်းရွှေ့လာခွင့်ပြုလိုက်ပြီး တောင်ပိုင်းတွင် အထူးသဖြင့် Khan Younis မြို့တွင် ဖိအားအချို့လျော့ပါးသက်သာသွားသည့် အကူး အပြောင်း တစ်ခုကို ထုတ်ပြန်ခြင်းဖြစ်သည်” ဟု အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် John Kirby က သတင်းထောက်များအား ပြောကြားခဲ့သည်။

       Kirby က ဘိုင်ဒန်အစိုးရအနေဖြင့် ဂါဇာရှိ ပြည်သူများအတွက် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အထောက်အပံ့များ ပို၍ မြှင့်တင်ကူညီပေးနိုင်ရန် ပြင်ဆင်လျက်ရှိနေပြီး လာမည့် သီတင်းပတ်များတွင် ကုလသမဂ္ဂမှ အကဲဖြတ်မှု မစ်ရှင်တစ်ခု လုပ် ဆောင်နိုင်မည်ဟု မျှော်လင့်ရသည့် ဂါဇာမြောက်ပိုင်းသို့ ပြန်လာမည့် ဂါဇာပြည်သူများကို ကူညီပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။ အမေရိကန်အနေဖြင့် ကာတာနိုင်ငံတွင် “အလွန်လေးနက်ပြီး အကျိတ်အနယ် ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး ထိန်း သိမ်းခံဓားစာခံများ ပြန်လွတ်မြောက်ရေးအတွက် ကြိုးပမ်းအဖြေ ရှာလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

       ဂါဇာတွင် အစ္စရေးတို့နှင့် လက်ရှိစစ်ပွဲအခြေအနေ ကြောင့် ပါလက်စတိုင်း ၂၄,၂၈၅ ဦး သေဆုံးခဲ့ပြီး ၆၁,၁၅၄ ဦး ဒဏ်ရာ ရရှိလျက်ရှိရာ ယင်းတို့အနက် သုံးပုံနှစ်ပုံမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ၊ ဂါဇာလူဦးရေ၏ ၈၅ % သည် အစာရေစာပြတ်လပ်ပြီး သန့်ရှင်းသော ရေနှင့် ဆေးဝါးများ ပြတ်လပ်နေသည့်ကြားမှ ဒေသတွင်း စစ်ဘေးရှောင် သွားလာနေရကာ နေအိမ် အဆောက်အဦများ၏ ၆၀ ရာခိုင်နှုန်းခန့်သည်လည်း သောက်သုံးပျက်စီးယိုယွင်းလျက်ရှိသည် ဟု ကုသမဂ္ဂအချက်အလက်များအရ သိရှိရကြောင်း၊ အိမ်ရာ ယူနစ်ပေါင်း ၆၅,ဝဝဝ ကျော်သည် ဖျက်စီးခံခဲ့ရကြောင်း သိရှိရပါသည်။

#PAN