ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး အာရှ Ballon d’Or ဆုကို ဆွန်ဟောင်မင် ၇ နှစ်ဆက်ရ

ဇန်နဝါရီ ၁၈

စပါးအသင်းနဲ့ တောင်ကိုးရီးယားလက်ရွေးစင်ကစားသမား ဆွန်ဟောင်မင်ဟာ တစ်နှစ်တာအကောင်းဆုံး အာရှကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဒီဆုကို အာရှ Ballon d’Or ဆု လို့လည်းခေါ်ဆိုကြပြီး ဆွန်ဟောင်မင်ကတော့ ဒီဆုကို ၇ ရာသီဆက်တိုက် ရရှိသွားခဲ့ကြောင်း သိရပါတယ်။

၂၀၂၃ အာရှ Ballon d’Or ဆုပေးပွဲမှာ ဘိုင်ယန်ကစားသမား ကီမင်ဂျေးက ဒုတိယနေရာရရှိခဲ့ပြီး အယ်လ်နာဆာ တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ တတိယ‌နဲ့သာကျေနပ်ခဲ့ရပါတယ်။

အာရှအကောင်းဆုံးဆုအတွက် အာရှဘောလုံးအဖွဲ့ချုပ်နဲ့ ဆက်စပ်နေတဲ့ ကလပ်အသင်း၊ ကစားသမားအားလုံးက အကျုံးဝင်တာပါ။ ဒါကြောင့်ဆော်ဒီလိဂ်ကို ရောက်ရှိနေတဲ့ ဥရောပနဲ့ အာဖရိက ကစားသမားတွေလည်း ဒီဆုကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။