မြင်းခြံမြို့နယ် ဆီမီးခုံ-နဘူးအိုင်သွား ကားလမ်းဘေးရှိ လယ်ကွင်းထဲတွင် သာမန်ပြည်သူတစ်ဦးအား အကြမ်းဖက် PDF များမှ သတ်ဖြတ်

ဇန်နဝါရီ ၁၇

      ယမန်နေ့ ၆ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဆီမီးခုံ-နဘူးအိုင်သွား ကားလမ်းဘေးတွင် အမျိုးသားတစ်ဉီး သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဉီးမင်းသူ၊၅၀နှစ်၊(ဘ)ဉီးမိုးဌေး၊တောင်သူ၊အမှတ်(၃)ရပ်ကွက်၊မြင်းခြံမြို့နေသူအား ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ပုခုံး ပြတ်ရှဒဏ်ရာ ၁ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။
        ဖြစ်စဉ်မှာ သေဆုံးသူသည် ဆီမီးခုံမြို့၏ အရှေ့ဘက် ဆီမီးခုံ-နဘူးအိုင်သွား ကားလမ်းဘေးရှိ ၄င်းပိုင်ဆိုင်သည့် လယ်ကွင်း၌ လယ်ထွန်နေစဉ် အကြမ်းဖက်သမား ၄ဉီး၊ဆိုင်ကယ် ၂စီးဖြင့် သေနတ်ကိုယ်စီ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ဉီးမင်းသူအား သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။သေဆုံးသူသည် သာမန်ပြည်သူတစ်ဉီးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်PDF များက ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN

Telegram link
https://t.me/positiveanglenews