“2024 SKYNET ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်”

ဇန်နဝါရီလ ၁၆

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူးပြီး SKYNET ကစီစဥ်ကျင်းပတဲ့ 2024 SKYNET ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ်ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ ၂၁ ရက် မှ ၂၈ ရက်အထိ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပသွားမှာဖြစ်ပြီး ပရိသတ်များအနေနဲ့ ကွင်းအတွင်းလာရောက်အားပေးနိုင်သလို့ Sports 4 နှင့် Sports HD ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ နာမည်ကျော် ပိုက်ကျော်ခြင်း ကစားသမား များစွာ ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews