လွိုင်လင်မြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲ ဆောင်ရွက်


ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ခရိုင်ဂေါက်ကွင်းမှ ပြည်ထောင်စုလမ်းမအတိုင်း၊ ၄င်းမှတစ်ဆင့် သုခလမ်း၊ အနောက်ကျောင်းလမ်း၊ လွိုင်လင်-ပင်လုံသွားကားလမ်းမှတဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရိုင်အားကစားကွင်းသို့ လမ်းလျှောက်စီတန်း လှည့်လည်ခဲ့ကြသည်။

ကန့်ကွက်ရှုတ်ချပွဲတက်ရောက်ကြသူများသည် စုရပ်မှစတင်၍ လမ်းတစ်လျှောက် မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရားစေတီ၊ ဆင်းတုတော်များအား ဖျက်ဆီးသူ ဒို့ရန်သူ၊ ဘုရားစေတီများအား ဖျက်ဆီးသူ သာသနာဖျက်မိစ္ဆာ သောင်းကျန်းသူများ ကျဆုံးပါစေ၊ ဒို့ဘာသာသာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား ဆန့်ကျင်ကြ၊ အကြမ်းဖက်အားပေးလောက်ကောင်များအား အလိုမရှိ၊ သာသနာဖျက်အကြမ်းဖက်သမားများအား အလိုမရှိစသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြကာ ခရိုင်အားကစားကွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ထို့နောက် ခရိုင်အားကစားကွင်းအတွင်းတွင် ကန့်ကွက်ရှုတ်ချပွဲအား ဦးဆောင်သူများက ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချရေးဆိုငလွိုင်လ ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများက ထောက်ခံကြိုဆို၍ ကန့်ကွက်ရှုတ်ချပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကန့်ကွက်ရှုတ်ချပွဲသို့ လွိုင်လင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ သာမဏေများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ အင်အား ၁၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews