မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၌ အိမ်စီးကားတစ်စီး accident ဖြစ်ပြီး ဒဏ်ရာရသူများရှိ

ဇန်နဝါရီ ၁၆


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၌ အိမ်စီးကားတစ်စီးaccidentဖြစ်ပြီး ကားမောင်းနှင့်သူအပါဝင် ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။


ယမန်‌နေ့ နံနက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တပ်ကုန်းရပ်ကွက် ဆွပ်ပရာဘွမ်လမ်း ဆွတ်ဆီဆိုင်ရှေ့ပလက်ဖောင်းမှာ Honda fit အဖြူရောင်တစ်စီးဝင်တိုက်မိပြီး ကားဆရာအပါအဝင် အသက် ၃၀ ဝန်းကျင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။


ကားမောင်းသူအမျိုးသားသည် သတိလစ်မေ့မျှောနေပြီး နောက်ထပ်အမျိုးသား ၂ ဦးမှာ တင်ပါးဆုံရိုးနှင့်ပေါင်းရိုး အသီးသီးကျိုးခဲ့​ကြောင်း သိရပြီး ကျန်သောအမျိုးသမီး ၃ ဦးမှာ လက်မောင်းကျိုးသူများဖြစ်ပြီး အနည်းငယ်ပွန်းပဲ့ဒဏ်ရာရရှိသူများဖြစ်ကြောင်းသိရှိရပါသည်။


အဆိုပါဒဏ်ရာရသူ ၆ ဦးထဲမှ အမျိုးသမီး ၁ ဦးမှာ အတွင်းကြေသွားသည့်ဒဏ်ရာရရှိသည့်အတွက် စိုးရိမ်ရကြောင်း ဒဏ်ရာရရှိတဲ့သူများကို မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။

#PAN