ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ ဝင်တစ်ဦးနှင့် သမီးဖြစ်သူတို့အား အကြမ်းဖက်သမားများမှ အကြောင်းမဲ့ ပစ်ခတ်

ဇန်နဝါရီ ၁၅

ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုဒေသတွင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးအား အကြမ်းဖက်သမားများမှ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်မှာ ကျောက်တံခါးမြို့နယ်၊ ဖဒိုဒေသ၊ ရှမ်းဒိုးတန်းကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာနေ၊ ဦးအောင်ကျော်ဆန်း၊ အသက် ၄၅ နှစ်သည် ပဲခူးစုကျေးရွာနေအိမ်မှ ပုဂံကွဲကျေးရွာရှိ လယ်ထဲသို့ ဆေးဖြန်းရန် HONDA NCX အမျိုးအစား BGO- 82/… နက်/ပြာရောင်ဆိုင်ကယ်ဖြင့်၊ သမီးဖြစ်သူ မစုမြတ်သော်တာ၊ အသက် ၁၉ နှစ်အား ဆိုင်ကယ်နောက်မှ တင်ဆောင်၍ မောင်းနှင်လာပြီး၊ ပဲခူးစုကျေးရွာနှင့် ပုဂံကွဲကျေးရွာချင်းဆက် မြေသားလမ်းပေါ်အရောက်တွင် အမည်မသိ အသက် ၃၀ ဝန်းကျင်ခန့်ရှိ လူ ၂ ဦးမှ သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးအောင်ကျော်ဆန်းတွင် ဦးခေါင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ကျောကုန်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ပြင်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးကျည်ထိ မှန်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျှက်သေဆုံးခဲ့ပြီး ၎င်း၏သမီးဖြစ်သူ မစုမြတ်သော်တာမှာ ဝဲဘက် နို့အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာဘက်လက်သန်းကြွယ် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ညာဘက် လက်မောင်းပွန်းခြစ် ဒဏ်ရာ ၁ ချက်ရရှိခဲ့ ပြီး အတွင်းလူနာ(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်အနီးတွင် ကျည်ခွံ ၃ ခုအား ရှာဖွေတွေ့ရှိခဲ့ ကြောင်းသိရသည်။

သေဆုံးသူမှာ ယခင်ကလည်း ညောင်လေးပင်မြို့နှင့် ရှမ်းဒိုးတန်းကျေးရွာအကြားတွင် ပစ်ခတ်လုပ်ကြံခံရပြီး ယခုအကြိမ် မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရပါသည်။

PAN