ယခုနှစ်သြစတြေးလျအိုးပင်းရဲ့ ဆုကြေးကို စံချိန်တင် တိုးမြှင့်ထား

ဇန်နဝါရီ ၁၄

၂၀၂၄ သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲရဲ့ ဆုကြေးကို စံချိန်တင်အဖြစ် ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ ယခုနှစ်အတွက် ပထမဆုံးဂရင်းစလင်းပြိုင်ပွဲတဲ့ (၁၁၂)ကြိမ်မြောက် သြစတြေးလျ အိုးပင်းပြိုင်ပွဲကို ဇန်နဝါရီ လ ၁၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဆုကြေးစုစုပေါင်း သြစတြေးလျဒေါ်လာ ၈၆ ဒသမ ၅ သန်း (ပေါင် ၄၆ ဒသမ ၅ သန်း) ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် စံချိန်တင်ဆုကြေးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ပြိုင်ပွဲထက် ၁၃ ဒသမ ၀၇ ရာခိုင်နှုန်း တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

လက်ရည်စစ်ပွဲနှင့် အစောပိုင်းအဆင့်များမှာ ဆုကြေးအများဆုံး တိုးမြှင့် ပေးထားပြီး ပထမအဆင့်တွင် စတင်ယှဉ်ပြိုင် ရမည့် ကစားသမားများအနေနဲ့ ယခင်နှစ်ဆုကြေးထက် ၁၂ ဒသမ ၉၄ ရာခိုင်နှုန်းပိုများတဲ့ သြစတြေးလျဒေါ်လာ ၁၂၀,၀၀၀ ကို ရရှိမှာဖြစ်ပါတယ်။ တစ်ဦးချင်းပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ ကစားသမားများမှာ ယခင်နှစ်က သြစတြေးလျ ဒေါ်လာ ၂ ဒသမ ၉၇ သန်း ရရှိခဲ့ရာမှာ ယခုနှစ်မှာ ၃ ဒသမ ၁၅ သန်းသို့ တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲတစ်ခုလုံးရဲ့ ဆုကြေးမှာ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၄ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ သြစတြေးလျဒေါ်လာ ၃၃ သန်းထက် ၁၆၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာခြင်းဖြစ်ပါတယ်။ ယခုနှစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ဂျိုကိုဗစ်(ဆားဘီးယား)နှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ရှီအွန်တက် (ပိုလန်)တို့က ဆီဒင်(၁)ရရှိထားပြီး ဂျိုကိုဗစ်နှင့် ဆာဘာလန်ကာမှာ ချန်ပီယံဆုကာကွယ်နိုင်ရန် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

PAN