ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များကို ဖျက်ဆီးနေသည့် စစ်သွေးကြွ MNDAA အကြမ်း ဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများ ကန့်ကွက်ရှုတ်ချ


ဇန်နဝါရီ ၁၄

ယနေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်း တုတော်များကို ဖျက်ဆီးနေသည့် စစ်သွေးကြွ MNDAA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများ ကန့်ကွက် ရှုတ်ချပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိပါသည်။

ရှေးဦးစွာ ရဟန်းရှင်လူ ပြည်သူအများက ပဲခူးမြို့ဆေးရုံအနီးရှိ ပြည်သာယာလမ်းမှစတင်၍ ဗီနိုင်းပိုစတာများကိုင်ဆောင် ခြင်း၊ ကြွေးကြော်သံများဖြင့် သံပြိုင်ကြွေးကျော်ခြင်း၊ အမျိုးသားရေးတေးသီချင်းများ ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံတော်အလံများ၊ သာသနာ့အလံများကိုင်ဆောင်၍ ဘုရားလမ်းမကြီးအတိုင်း ပဲခူးမြို့၏ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ယာဥ်ရပ်နားဝန်းအတွင်းသို့ စုရုန်းရောက်ရှိခဲ့ကြပြီး နိုင်ငံတော်အလံအားအလေးပြုခြင်း၊ အမျိုးသားရေး ဆရာတော်တစ်ပါး နှင့် မျိုးချစ်လူပုဂ္ဂိုလ် တစ်ဦးတို့မှ ဟောပြောခဲ့ကြပြီး ကြွေးကြော်သံများဖြင့် သံပြိုင်ကြွေးကြော်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိပါသည်။

PAN