အက်သလက်တီကိုအသင်းသမိုင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်ချင်တယ်ဆိုတဲ့ ဂရစ်မန်း

ဇန်နဝါရီ ၁၃

အက်သလက်တီကိုအသင်း တိုက်စစ်ကစားသမား ဂရစ်မန်း က မိမိအနေနဲ့ အသင်းသမိုင်းမှာ အလွန် အရေးပါတဲ့ ကစားသမားဖြစ်လိုတယ်လို ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်မန်း ဟာ ဒါဘီပြိုင်ဘက် ရီးရဲလ်အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူ ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ကစားသမား ဂရစ်မန်း အနေနဲ့ ရီးရဲလ်အသင်းကို ၃ ဂိုး၊ ၅ ဂိုး ရလဒ်နဲ့ ရှုးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အက်သလက်တီကိုအသင်းအတွက် ဒုတိယချေပဂိုး သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါသွင်းဂိုးမှာ အက်သလက်တီကိုအသင်းအတွက် ဂရစ်မန်း ရဲ့ ၁၇၄ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ၁၉၇၄ ခုနှစ်ကတည်းက စပိန်ဂန္ထဝင်ကစားသမား လူးဝစ်အာရာဂိုးနက်စ် တင်ရှိထားခဲ့တဲ့စံချိန်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

PAN