ဘုတလင်မြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဇန်နဝါရီ ၁၃
ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် သတင်းအရ ကြက်ရိုးကုန်းကျေးရွာ စာသင်ကျောင်းအား သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ အကြမ်းဖက်အဖွဲ့များ ကိုယ်အလွတ်ရုန်း ထွက်ပြေးခဲ့ရပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

၎င်းတို့ထံမှရရှိသော လက်နက်ခဲယမ်းများမှာ လက်လုပ်သေနတ် ၁၁ လက်၊ ရှော့တိုက်ပြောင်း ၃ ခုတွဲ ၁ လက်၊ ရှော့တိုက် ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လုပ်လက်စဗုံးသီး ၁၆ လုံး၊ မိုင်း ၂ လုံးတို့ကို သိမ်းဆည်းရ မိကြောင်းသိရပြီး အကြမ်းဖက်အဖွဲ့များဆုတ်ပြေးရာသို့ လိုက်လန်ရှင်းလင်းနေကြောင်သိရှိရပါသည်။

PAN