မကွေးမြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

ဇန်နဝါရီ ၁၂

ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ရှိ ကန်သာမင်္ဂလာကန်တော်၌ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထား ရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများ အား ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၇၀၀ ဦးခန့်က မကွေးခရိုင် အားကစားကွင်းရှေ့မှ စတင်၍ အ.ထ.က(၁)လမ်းမှ ကန်သာမင်္ဂလာကန်တော်အထိ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်း ရေး”၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ”၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် စာသာများပါဝင်သည့် ဗီနိုင်များကိုင်ဆောင်၍ ကြွေးကြော်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ထိုနောက် ကန်သာမင်္ဂလာကန်တော်တွင် ကန့်ကွက်ရှုတ်ချပွဲ ဦးဆောင်သူများက ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်ဖျက်မိစ္ဆာများနှင့် ပတ်သက်၍ အသီးသီး ကန့်ကွက်ရှုတ်ချ ဟောပြောခဲ့ပြီး ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

PAN