ဘောလုံးလောကကို နည်းပြအဖြစ် ပြန်လည်ဝင်ရောက်မယ့် ပီကေး

ဇန်နဝါရီ ၁၂

မန်ယူအသင်းနှင့် ဘာစီလိုနာနောက်ခံကစားသမားဟောင်း ပီကေး ဟာ ကစားသမားဘဝမှ အနားယူပြီး ၁၄ လအကြာမှာ ဘောလုံးလောကကို နည်းပြအဖြစ် ပြန်လည်ဝင်ရောက်လာမယ်လို လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့ ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိတဲ့ ပီကေး ဟာ ၂၀၂၂ ခုနှစ်နိုဝင်ဘာလမှာ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာများကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝက အပြီးတိုင်အနားယူသွားခဲ့တာ ဖြစ်ပါ တယ်။

ပီကေး ဟာ ကလပ်ကစားသမားဘဝမှာ မန်ယူနှင့် ဘာစီလိုနာအသင်း နှစ်သင်းမှာသာ ကစားခဲ့ပြီး မန်ယူ အသင်းနှင့် အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၄ လုံး၊ ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလား ၃၀ အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် စပိန်အသင်းအတွက် ပွဲပေါင်း ၁၀၂ ပွဲကစားခဲ့ပြီး ကမ္ဘာ့ဖလားနှင့် ယူရိုဖလားတိုကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။