စပါးအသင်းနဲ့ပွဲမှာ မန်ယူအသင်းမှ အဲရစ်ဆင်၊ လုခ်ရှောနှင့် မက်ဂွိင်းရားတို ပါဝင်လာနိုင်

ဇန်နဝါရီ ၁၂

မန်ယူနည်းပြ တန်ဟက် က စပါးအသင်းနှင့်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲရစ်ဆင်၊ လုခ်ရှောနှင့် မက်ဂွဲယားတို ပါဝင်ကစားနိုင်တယ်လို ပြောကြားခဲ့ပါတယ်။
အဲရစ်ဆင်၊ လုခ်ရှောနှင့် မက်ဂွဲယား တိုဟာ ဒဏ်ရာပြဿနာများကြောင့် အနားယူနေရပြီး ယခုအခါ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီဖြစ်တယ်လို သိရပါတယ်။

ဒါ့အပြင် ကတ်စမဲရိုး နဲ့ မာတီနက်တိုကလည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်တယ်လို သိရပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အဖြစ် ဇန်နဝါရီလ ၁၄ ရက်မှာ စပါးအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရသွားရမှာ ဖြစ်ပါတယ်။