ဆော်ဒီအာရေဗျက ဖေဖော်ဝါရီလအတွက် ရေနံစိမ်းဈေးနှုန်းကို လျှော့ချ

ဇန်နဝါရီလ ၁၁

ကမ္ဘာပေါ်တွင် အဓိကရေနံ တင်ပို့သူဖြစ်သည့် ဆော်ဒီအာရေဗျက ဖေဖော်ဝါရီလ အတွက် ရေနံစိမ်းဈေးနှုန်းကို လျှော့ချပေး လိုက်ကြောင်း သိရသည်။ဆော်ဒီအာရေဗျနိုင်ငံပိုင် ရေနံကုမ္ပဏီဖြစ်သည့် ဆော်ဒီအာရမ်ကိုက အာရှဒေသ အတွက်ရေနံစိမ်းဈေးနှုန်းကို စံပြုဈေးနှုန်း အပေါ်အခြေခံကာ ရေနံတစ်စည်ကို ၂ ဒေါ်လာဈေးလျှော့ပေးခြင်း ဖြစ်သည်။အလားတူ ဆော်ဒီအာရမ်ကိုသည် အာရှဒေသ အတွက်သာမက ဥရောပအနောက်မြောက်ပိုင်း၊ မြေထဲပင်လယ်နှင့် မြောက်အမေရိကဒေသတို့ အတွက်ပါ ရေနံစိမ်း ဈေးနှုန်းများကို လျှော့ချပေးခြင်းဖြစ်သည်။ယခုကဲ့သို့ ရေနံစိမ်းဈေးနှုန်း လျှော့ချပေးမှုသည် ၂၇ လအတွင်း အမြင့်ဆုံး ဖြစ်ကာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ဖြစ်လေ့ဖြစ်ထရှိသော ရေနံဝယ်လိုအား လျော့ကျမှုမတိုင်မီ လုပ်ဆောင်ခြင်းဖြစ်သည်။ဆော်ဒီအာရေဗျနိုင်ငံက ယခုကဲ့သို့ ရေနံစိမ်းဈေးနှုန်းများ လျှော့ချပေးလိုက်သည့် အတွက် အခြားရေနံ ထုတ်လုပ်တင်ပို့ သူများကလည်း အလားတူ လုပ်ဆောင်လာနိုင်သည်။ကမ္ဘာ့ရေနံဈေးကွက်သည် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှု၊ အစ္စရေး-ဟားမတ် စစ်ပွဲဖြစ်ပွားမှု၊ ရေနံထုတ်လုပ်သည့် နိုင်ငံများက ထုတ်လုပ်မည့် ရေနံပမာဏကို လျှော့ချမှုတို့ကြောင့် အပြောင်းအလဲ မြန်လျက်ရှိသည်။ဆော်ဒီအာရမ်ကို၏ ထုတ်ပြန်ချက်ကြောင့် ဇန်နဝါရီလ ၈ ရက် ရေနံဈေးနှုန်းများမှာ ၁ ရာခိုင်နှုန်းအထက် ကျဆင်းသွားပြီး ဘရန့် စံနှုန်း သတ်မှတ်ချက်အရ ရေနံစိမ်းတစ်စည်လျှင် ၇၇ ဒသမ ၈၀ ဒေါ်လာပေါက်ဈေး ရှိကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews