မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပဏာမလူစာရင်းမှာ ကျော်ကိုကို ပြန်လည်ပါဝင်လာ

ဇန်နဝါရီလ ၁၀

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feichten beiner ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား ၂၈ ဦးစာရင်းကို ဇန်နဝါရီလ ၉ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ လူစာရင်းမှာ မြန်မာ့လက်ရွေးစင်အသင်းနှင့်ကာလအနည်းငယ်ဝေးကွာနေတဲ့ တိုက်စစ်မှုး ကျော်ကိုကို ပြန်လည်ပါ ဝင်လာပါတယ်။ မြန်မာ့လက်ရွေးစင်အသင်း အနေနဲ့ လာမယ့် မတ်လမှာ ဆီးရီးယားအသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်တဲ့အနေနဲ့ ဇန်နဝါရီလ ၁၀ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြိုမှာ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်မှာ ဖြစ်တယ်လို သိရပါတယ်။

PAN