နိုင်ငံပေါင်းခုနစ်နိုင်ငံ အသိအမှတ်ပြု Information Technology Professionals Examination Council (ITPEC) စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲ ကျင်းပ

ဇန်နဝါရီလ ၁၀

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံပေါင်း ခုနစ် နိုင်ငံအသိအမှတ်ပြု ITPEC စာမေးပွဲ အောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲကို ဇန်နဝါရီလ ၉ ရက်မွန်းလွဲ ၁ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လှိင်မြိုနယ်ရှိ MICT Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမင်းဇေယျာလှိင်၊ ဦးထွန်းခိုင်နှင့် အသင်းဝင်များ၊ ဆုရ IT ပညာရှင်များ တက်ရောက်ခဲ့ကြ ပါတယ်။

ရှေးဦးစွာ ခုနစ်နိုင်ငံ အသိအမှတ်ပြု ITPEC Exam ဗီဒီယိုမှတ်တမ်းကိုပြသပြီး မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်က ကျေးဇူးတင်စကားပြောခဲ့ကြားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ကျင်းပစစ်ဆေး ခဲ့တဲ့ IP Exam မှာ ထိုင်း၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စသည့် ခုနစ်နိုင်ငံမှာ အမှတ်အများဆုံးရရှိသူ ခြောက်ဦးကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိင်က ဂုဏ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် တာဝန်ရှိသူများ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ကျင်းပစစ်ဆေးခဲ့တဲ့ FE Exam မှာ မြန်မာနိုင်ငံရဲ့ အမှတ်အများဆုံးရရှိသူ Excellence Award ဆုရရှိသူ လေး ဦးကို ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း၊ ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် IP Exam မှာ မြန်မာနိုင်ငံရဲ့ အမှတ်အများဆုံးရရှိသူ Excellence Awardဆုရရှိသူ ခြောက်ဦးအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း၊၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့တဲ့ ITPEC Exam မှာဝင်ရောက်ဖြေဆိုသူ အများဆုံးဆု(Highest EnrollmentAward) ရရှိသူများကို ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့တဲ့ ITPEC Exam တွင် ဝင်ရောက်ဖြေဆိုသူ ၄၀ ဦးနှင့်အထက်အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံးဆု(Highest Pass Rate Award) ရရှိသူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ITPEC စာမေးပွဲအောင်လက်မှတ်ရ IT ပညာရှင်များအနေနဲ့ ထိုင်း၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတိုမှာ လွယ်ကူစွာလုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေနဲ့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်တယ်လို သိရပါတယ်။

PAN