မြန်မာလုပ်သားခေါ်ယူတဲ့ ဂျပန်ကုမ္ပဏီ ၄၉၈ ခု အချက် အလက်တွေပေးပိုဖို သံရုံးထုတ်ပြန်

ဇန်နဝါရီလ ၁၀

ဂျပန်နိုင်ငံ တိုကျိုမြိုရှိ မြန်မာသံရုံးအနေနဲ့ မြန်မာလုပ်သားတွေခေါ်ယူတဲ့ ဂျပန်ကုမ္ပဏီ ၄၉၈ ခုကို လိုအပ်တဲ့ စာရွက်စာတမ်း၊ အချက်အလက်တွေပေးပိုဖို ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်လာပါတယ်။

အခုလို ထုတ်ပြန်ချက်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ပြောင်းလဲလိုက်တဲ့ အလုပ်ခေါ်စာ ထုတ်ပြန်မှု ပုံစံအသစ်ဖြစ်ပြီး အရင်က ဂျပန်ကုမ္ပဏီတစ်ခုချင်းကို အချက်အလက်ပေးပိုဖို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အချက်အ လက်ပေးပို့ရမယ့် ဂျပန်ကုမ္ပဏီတွေစာရင်းကို သံရုံးရဲ့ လူမှုကွန်ယက်နဲ့ ဝက်ဘ်ဆိုက် တွေမှာ အခုလို တစ်ပတ် တစ်ကြိမ် ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။ မြန်မာသံရုံးအနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် ပေးပိုလာတဲ့ အလုပ်ကမ်းလှမ်းစာ(Demand Letter)တွေကို စိစစ်ဆောင်ရွက် ပေးနေတယ်လို ဆိုပါတယ်။

အခုလို စိစစ်နိုင်ဖိုအတွက် ဂျပန်ကုမ္ပဏီ ၄၉၈ ခုကို လိုအပ်တဲ့စာရွက်စာတမ်း အချက်အလက်တွေ တောင်းခံ ထားပြီး သက်ဆိုင်ရာဂျပန်ကုမ္ပဏီတွေက ပေးပိုလာတဲ့ အချက်အလက်တွေကိုစိစစ်ပြီး မှန်ကန်ပါက ကုမ္ပဏီစာရင်း တွေကို အလုပ်သမားဝန်ကြီးဌာနသို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်လည်ပေးပိုမယ်လို သိရပါတယ်။


ဂျပန်ကုမ္ပဏီတွေရဲ့စာရင်းကို http://www.myanmar-embassy-tokyo.net/2024/DL/DL.htm မှာ ဖော်ပြ ထားပြီး စိစစ်ပြီးဖြစ်တဲ့ အလုပ်ခေါ်ယူတဲ့ လုပ်သားစာရင်းတွေကိုတော့ ၁၅ ရက် ၁ ကြိမ်နှုန်း သံရုံးလူမှုကွန်ယက်မှာ ထုတ်ပြန်ပေးမယ်လို သိရပါတယ်။

PAN