တိုက်ပွဲသတင်းထုတ်ပြန်ချက်

ဇန်နဝါရီလ ၁၀

ဇန်နဝါရီ ၉ ရက်နေ့ တိုက်ပွဲသတင်း>>>

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြိုလေးမိုင်လမ်းဆုံသို TNLA နှင့် PDF ပူးပေါင်း ၂၀ ဦးခန့်က Drone ဖြင့် တိုက်ခိုက် သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ပြီး မြေအနေအထားကောင်းမွန်သည့် နေရာသို ရွှေ့ပြောင်း၍ ခြေကုပ်ယူစဉ် အင်အား ၁၀၀ ဦးခန့်က ထပ်မံတိုက်ခိုက်သဖြင့် တပ်မတော်ဘက် မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို၊ နယ်ခြားတံတားအနီး နယ်မြေရှင်းလင်းစဉ် MNDAA အင်အား စိစစ်ဆဲအဖွဲနဲ့ ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ မြောက်ဘက်သို ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။
(MNDAA ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၆၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရမိခဲ့)

ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်အတွင်းရှိ ခလရ(၂၈၉)သို့ ရန်သူအင်အား ၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြိုနယ်၊ သံဘိုကျေးရွာဝန်းကျင်သို့ နယ်မြေရှင်းလင်းချီတက်စဉ် ကျောက်မဲလေးရွာ အနီးသို့အရောက် TNLA နှင့် PDF ပူးပေါင်းအင်အား ၂၀၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်သံကွင်းနယ်မြေရဲစခန်းထံသို့ လုံခြုံရေးတာဝန်များအား လဲလှယ်ပြီး ရင်းဌာနချုပ်အသီးသီးသို့ ပြန်လည်စုဖွဲ့ရန် ချီတက်စဉ် ရဲစခန်းအနီး လူသွားလမ်းဘေး၌ Type -81 သေနတ် ၂ လက်အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

PAN