ယာဉ်မောင်းများ YPS စက်ပိတ်ထားလျှင် အရေးယူမည်

ဇန်နဝါရီ ၉

YBS ယာဉ်များတွင် ယာဉ်စီးခပေးချေရာမှာအသုံးပြုတဲ့ YPS စက်တွေကို ပိတ်ထားမယ်ဆိုရင် အဲဒီ ယာဉ်မောင်းကို ယာဉ်လိုင်းကနေ ထုတ်ပယ်တဲ့အထိ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို YRTC ကနေ သိရပါတယ်။

လတ်တလောမှာ မြိုတွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတချိုမှာ ယာဉ်မောင်းတွေအနေနဲ့ YPS စက် တွေကို ပိတ်ထားတာ၊ စက်တွေကို ကျွတ်ကျွတ်အိတ်တွေနဲ့ စွပ်ထားတာတွေနဲ့ပတ်သက်လို တိုင်ကြားမှုတွေ ရှိလာတာကြောင့် အခုလို အရေးယူ ဆောင်ရွက်ရတာ ဖြစ်တယ်လို ဆိုပါတယ်။

ဒါ့အပြင် ခရီးသည်တွေအနေနဲ့လည်း ယာဉ်ပေါ်မှာ YPS စက်တွေပိတ်ထားတာကို တွေ့ရှိရင် YRTC ကို ဆက်သွယ်တိုင်ကြား နိုင်ပြီး စစ်ဆေးတွေ့ရှိခဲ့ရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်များအတိုင်း အရေးယူ ဆောင်ရွက်မှာဖြစ်တယ်လို ဆိုပါတယ်။

လက်ရှိမှာ YPS ကတ်စနစ်အသုံးပြုနိုင်တဲ့ YBS ယာဉ်အစီးရေ ၃,၈၀၀ လောက်နဲ့ လိုင်းပေါင်း ၉၅ လိုင်း ရှိပြီး ယာဉ်လိုင်းတွေ ပေါ်မှာ မိုဘိုင်းဖုန်းနဲ့ QR Code ဖတ်ကာ ယာဉ်စီးခပေးချေတဲ့စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

PAN