အနာဂတ်နှင့်ပတ်သက်၍ PSG ဥက္ကဋ္ဌနှင့် သဘောတူညီမှု ယူထားတယ်လိုဆိုတဲ့ ဘာပေ

ဇန်နဝါရီလ ၈

PSG အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေ က အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ခြင်းမရှိသေးပေမယ့် မည်သိုဆုံးဖြတ် သည်ဖြစ်စေ နှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာမှုမရှိအောင် အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့် သဘောတူညီမှု ယူထားပြီး ဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။

ဘာပေ ဟာ လာမည့်နွေရာသီမှာ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး PSG အသင်းက ယခုအထိ သက်တမ်းတိုးနိုင်ခြင်း မရှိတဲ့အတွက် အလွတ်ထွက်ခွာခွင့်ပြုရမည့် အခြေအနေဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပကလပ် အသင်းများအနေနဲ့ နွေရာသီမှာ ခေါ်ယူဖိုအတွက် တရားဝင်ဆွေးနွေးညှိနှိင်းခွင့် ရရှိနေပြီ ဖြစ်ပါတယ်။

PAN