Employment Permit System(EPS)နဲ့ EPS-Topik စာမေးပွဲ နှစ်ခုလုံး အောင်ထားသူများ အလုပ်လျှောက်လွှာ တစ်ကြိမ်တည်း တင်ရမည်

ဇန်နဝါရီ ၆

Employment Permit System(EPS)နဲ့ EPS-Topik စာမေးပွဲနှစ်ခုလုံးအောင်မြင်ထားသူများအနေနဲ့ အလုပ်လျှောက်လွှာကို တစ်ကြိမ်တည်းတင်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာထားပါတယ်။ လက်ရှိ တွင် အဆိုပါ စာမေးပွဲနှစ်ခုလုံးအောင်ထားသူသည် တစ်ရာကျော်ရှိကြောင်း သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ဖူးတဲ့ အလုပ်သမားတချို့သည် နောက်တစ်ကြိမ် သွားရောက် လုပ်ကိုင် နိုင်ရန် ပုံမှန် EPS-Topik ကို ဝင်ရောက်ဖြေဆိုခဲ့ခြင်း ရှိသလို လုပ်သားဟောင်းများအတွက် သီးသန့်ပြုလုပ်တဲ့ အထူး စာမေးပွဲကိုလည်း ဖြေဆိုရကြောင်း သိရပါတယ်။ အဆိုပါစာမေးပွဲ နှစ်ခုလုံးဝင်ရောက်ဖြေဆိုပြီး အောင်မြင် ခဲ့သူများ အနေဖြင့် စာမေးပွဲနှစ်ခုလုံးအတွက် အလုပ် လျှောက်လွှာတင်ခွင့်ရမည်မဟုတ်ဘဲ တစ်မျိုးတည်းသာ ရွေးချယ်ရမည် ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ Special EPS-Topik စာမေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အ ထက် နေထိုင်လုပ်ကိုင်ခဲ့သူများအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ မြန်မာ လုပ်သား ၇၀,၀၀၀ နီးပါးရောက်ရှိ လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

#PAN