မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအတွင်းသို့ လူသတ် အကြမ်းဖက် PDF အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် ၁၀ လုံးထိခိုက်ပျက်စီး

ဇန်နဝါရီ ၆

   ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာ အတွင်းသို့ လူသတ်အကြမ်းဖက် PDF အဖွဲ့က Drone ယာဉ်ဖြင့် Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာ အတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဇော်နိုင် ၃၈ နှစ်၏ နေအိမ်အပါအဝင် လူနေအိမ် ၁၀ လုံးတို့ ဗုံးသီးစထိမှန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

  အထက်ပါဖြစ်စဉ်မှ ကျေးရွာအတွင်းသို့ Drone ယာဉ်ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့၍ လူနေအိမ်များ အား ပျက်စီးဆုံးရှုံးစေခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်း သူများနှင့် လူသတ်အကြမ်းဖက် PDF အဖွဲ့က စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များ အား လုပ်ဆောင်လျက်ရှိပါသည်။

#PAN