ထီးချိုင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ လေး ၄ ဦးဒဏ်ရာရ ဟု ကောလာဟလ သတင်း များကို ရေးသားဖြန့်ဝေလျက်ရှိ

ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ ဒိုးပင်၊ ကြူးတောင်ခြေနှင့် ဝဲကြီး ကျေးရွာတို့အား ဇန်နဝါရီလ ၃ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အကြမ်းဖက် အားပေး ပြည်ဖျက် မီဒီယာ RFA မှ သတင်းအမှား ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

မြေပြင်သိရှိရသော သတင်းများအရ အဆိုပါနေ့တွင် တပ်မတော်မှ ထီးချိုင့် မြို့နယ်တွင်းသို့ လေကြောင်းပျံသန်းမှု မရှိခဲ့ ကြောင်း သိရှိရပြီး အကြမ်းဖက်သမားများဘက်မှ မိမိ လုံခြုံရေး တပ်ဖွဲ့တည်ရှိရာနေရာများသို့ Drone များအသုံးပြု လာရောက်တိုက်ခိုက်ခြင်းကြောင့် ဒေသခံ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ဒေသခံ အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာ ရခြင်းများ ဖြစ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများသည် ပျံ့နှံ့မှု အားကောင်းသည့် သတင်း တုများကို စိတ်ကြိုက်ရေးသား ဖြန့်ဝေ ကာ ပြည်သူလူထုကို သတင်းအဆိပ်ခတ် ဝါဒဖြန့်လုပ် ဆောင်နေကြောင်း သတင်းရရှိသည်။

#PAN