မြောက်ကိုရီးယားသည် ရန်စသည့်လုပ်ရပ်အဖြစ် ရေကြောင်းကြားခံဇုန်အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြား

ဇန်နဝါရီ ၅

     မြောက်ကိုရီးယားဘက်မှ အမြောက်များဖြင့် ပစ် ခတ်ခဲ့ရာ နှစ်နိုင်ငံကြား ကာလကြာရှည်စွာရှိနေသည့် ရေကြောင်းကြားခံဇုန်အတွင်း ကျရောက်ခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်က ၎င်း၏ မြောက်ပိုင်းအိမ် နီးချင်းကို သောကြာနေ့တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

     တောင်ကိုရီးယား၏ Baengnyeong နှင့် Yeonpyeong ကျွန်းများအနီးရှိ ၎င်း၏အနောက်ဘက်ကမ်းရိုးတန်းအနီးတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ပစ်ခတ်မှုပေါင်း ၂၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး(JCS) မှ ပြောကြားခဲ့သည်။

      ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပြီးတွင် ကုလ သမဂ္ဂက ရေးဆွဲထားသော အငြင်းပွားဖွယ် နယ်စပ်မျဉ်း Northern Limit Line (NLL) ၏ မြောက်ဘက်သို့ အမြောက်ကျည်များ ကျရောက်ခဲ့သည်။

      ဝင်ရောက်လာသော ပစ်ခတ်မှုများသည် အရပ် သားများ သို့မဟုတ် စစ်တပ်ကို ထိခိုက်မှုမရှိစေဘဲ အဆိုပါဖြစ်ရပ်သည် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်း ချမ်းရေးကို ခြိမ်းခြောက်ပြီး တင်းမာမှုကို မြင့်တက်စေသည့် ရန်စသည့်လုပ်ရပ်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

      တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားစစ်တပ်သည် ၎င်း၏ကိုယ်ပိုင်ရေကြောင်း ပစ်ခတ်မှုလေ့ကျင့် ခန်းကို သောကြာနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပြီး ထိုအချိန်အတွင်း Yeonpyeong မှ ဒေသခံများအား အနီးနားရှိ အကာ အကွယ်များသို့ ရွှေ့ပြောင်းရန် အမိန့်ပေးကာ ပြင်ပလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် အမိန့်ပေးခဲ့ကြောင်း အစိုးရဝက်ဘ်ဆိုဒ်သတင်းတစ်ခုအရ သိရသည်ဟု ဒေသခံနေထိုင်သူတစ်ဦးက  CNN သတင်းဌာနသို့ သတင်းပို့ပေးခဲ့သည်ဟု ဆိုသည်။

     ကျွန်းမှ ဓာတ်ပုံများတွင် သတ်မှတ်ထားသော အကာအကွယ်များအနီးတွင် စုဝေးနေသူများ၊ အချို့မှာ အတွင်း၌ ထိုင်နေကြပြီး အချို့မှာ အပြင်ဘက်တွင် ကြိတ်ကြိတ်တိုးနေကြသည်ကို တွေ့ရသည်ဟု ဆို သည်။ စတုရန်းမိုင် ၃ မိုင် သာ ကျယ်ဝန်းသည့် Yeonpyeong ကျွန်းငယ်လေးသည် လူပေါင်း ၂၁၀၀ ကျော် နေထိုင်ကြောင်း ၎င်း၏ ဒေသဆိုင်ရာ ရုံးဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။  ၁၈ စတုရန်းမိုင်ခန့် ကျယ် ဝန်းသော Baengnyeong ကျွန်းတွင် နေထိုင်သူ ၄၉၀၀ ကျော်ရှိသည်။

       မြောက်ကိုရီးယားသည် ရေကြောင်းကြားခံဇုန်သို့ ကျည်ဆန်များ ပစ်ခတ်ခြင်းသည် မကြုံစဖူးဖြစ်သော်လည်း ယင်းလုပ်ရပ်ကြောင့် တင်း မာမှုများ မြင့်တက်လာသည်။ ပြီးခဲ့သည့် နိုဝင် ဘာလက ကိုရီးယားနှစ်နိုင်ငံ စစ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းပြီးနောက် မြောက်ကိုရီးယားသည် ကြားခံဇုန်အတွင်း အမြောက်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း JCS က ပြောကြားခဲ့သည်။  ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် တူညီသောဧရိယာတွင် ကျည်ပေါင်းများစွာပစ်ခတ်ခဲ့သည်။

      ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲအန္တရာယ်ကို ထိန်း ချုပ်ရန်နှင့် ကိုရီးယားနှစ်နိုင်ငံကြား ကြားခံဇုန်ကို တိုးချဲ့ရန် အမေရိကန်နှင့် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၈ ခုနှစ် စစ်ရေးသဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ဆိုးလ်သည် သဘောတူညီချက်မှ နောက်ပြန်ဆုတ်သွားကာ နှစ်ဖက်စလုံးမှ စစ်ရေးလေ့ကျင့်မှုများနှင့် လက်နက်စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် နောက်ပိုင်းတွင် ဆက်ဆံရေး ဆိုး ရွားလာခဲ့သည်။

      တောင်ကိုရီးယားစစ်တပ်သည် ယခုအခါ ဆက်စပ်လှုပ်ရှားမှုများကို ခြေရာခံရန် အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်နေပြီး မြောက်ကိုရီးယား၏ ရန်စမှုနှင့် သက်ဆိုင်သည့် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ် ကြောင်း JCS က သောကြာနေ့တွင် ပြောကြားခဲ့သည်။

      ဆောင်းရာသီ စစ်ရေးလေ့ကျင့်မှုအတွင်း အနောက်ပင်လယ်ထဲသို့ အမြောက်များပစ်ခတ်ခြင်းသည် မြောက်ကိုရီးယားအတွက် အထူး အဆန်းမဟုတ်ကြောင်း ဆိုးလ်မြို့ရှိ Ewha တက္ကသိုလ်မှ ပါမောက္ခ Leif-Eric Easley က ပြောကြားခဲ့သည်။  “ဒီနှစ် ထူး ခြားတာက ကိုရီးယားနှစ်နိုင်ငံဟာ စစ်ရေးယုံကြည်မှုတည်ဆောက်ရေး သဘောတူညီချက်ကနေ မကြာသေးမီက ကျောထောက်နောက်ခံပြုထားခဲ့ပြီး ကင်ဂျုံအွန်းဟာ တောင်နဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ပေါင်း စည်းရေးကို လူသိရှင်ကြား ပယ်ချခဲ့ပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

      မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးကို ကြိုးပမ်းတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာန KCNA က တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်ဟု CNN သတင်းအရ သိရပါသည်။

#PAN