တောင်ကိုရီးယားနှင့် အမေရိကန်တို့ မြောက်ကိုရီးယားနယ်စပ်အနီးတွင် သီတင်းပတ်ကြာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်

ဇန်နဝါရီ ၄

     တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့များသည် လက်နက်ကြီးများ ပါဝင်သော မြောက်ကိုရီးယား နယ် စပ်အနီးတွင် ပူးတွဲ တိုက်ခိုက်ရေး လေ့ကျင့်မှုများ ပြု လုပ်ခဲ့သည့်အတွက် ဒေသတွင်း နျူကလီးယားစစ်ပွဲ ၏ အထွတ်အထိပ်သို့ တွန်းပို့နေသည့် အန္တရာယ်ရှိသော လှုပ်ရှားမှုများအတွက် မြောက်ကိုရီးယားက မဟာမိတ်များကို ပြစ်တင်ရှုတ်ချခဲ့သည်။

      တောင်ကိုးရီးယား ကြည်းတပ်၊ ယန္တရားတင်ခြေ လျင်တပ်မဟာနှင့် အမေရိကန်စစ်တပ် သံချပ်ကာ Stryker တပ်မဟာတို့၏ လေ့ကျင့်မှုသည် ရန်သူရန်လိုမှု အသွင်သဏ္ဍာန်ပြုလုပ်၍ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

      အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၉ ရက်မှ စတင်ကာ တစ်ပတ်ကျော်ကြာ ပြုလုပ်ခဲ့ပြီး ကြာသပ တေးနေ့တွင် ပြီးဆုံးခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

      မြောက်ကိုရီးယားသည် တာဝေးပစ် ပဲ့ထိန်းဒုံး ကျည်များနှင့် တောင်ကိုရီးယားနှင့် ပစိဖိတ်ဒေသရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် ဒီဇိုင်းထုတ် ထားသည့် နည်းဗျူဟာမြောက် လက်နက်များကို စမ်းသပ်ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေချိန် မဟာမိတ်များ သည် ပြီးခဲ့သောနှစ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု အတိုင်းအတာနှင့် ပြင်းထန်မှု သိသိသာသာ တိုးလာခဲ့သည်။

      အမေရိကန်သည် နျူကလီးယား ဒုံးကျည် ရေငုပ် သင်္ဘော၊ လေယာဉ်တင်သင်္ဘောများနှင့် ဗုံးကြဲလေ ယာဉ်ကြီးများ အပါအဝင် ကိုရီးယားကျွန်းဆွယ်အနီးတွင် စစ်လက်နက်ပစ္စည်းများ ထပ်မံချထားခဲ့သည်။

     အဓိကအာဏာရပါတီအစည်းအဝေးအပြီးတွင် ခေါင်းဆောင် Kim Jong Un သည် ကြီး မားသောလက်နက်များ ဖြန့်ကျက်ချထားခြင်းအတွက် ဝါရှင်တန်အား စနေနေ့က ပြစ်တင်ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယားလက် နက်ကို တိုးမြှင့်ကာ တောင်ကိုရီးယားကို ရည်ရွယ်သည့် “တောင်ကို ငြိမ်း ချမ်းစေရန်” တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်မည်ဟု ကတိပြုခဲ့သည်။

၎င်းတို့၏ အရိုးများထဲတွင် နက်ရှိုင်းစွာရှိနေသည့်ထိပ် တိုက်ရင်ဆိုင်မှု ဗီဇဖြင့် မိုက်မဲသူများသည် စစ်ပွဲကိုဖြစ်စေသည့် ပြင်းထန်သောရွေးချယ်မှုပြုလုပ်ခြင်းဖြင့် နှစ်သစ်ကို အမှတ်အသားပြုခဲ့ကြောင်း မြောက်ကိုရီးယား၏တရားဝင် KCNA သတင်းဌာနက သုံးသပ်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်သည် ပဋိပက္ခဖြစ်နိုင်ခြေ အမြင့်မားဆုံးနှစ်ဖြစ်သည်” ဟု ၎င်းက ဆိုသည်။

      အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်တပ်၏ တင့်ကားများ၊ လေယာဉ်ပစ်အမြောက်များနှင့် အမေရိကန်စစ်တပ် တိုက်ခိုက်ရေးလေယာဉ်များနှင့် သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ ပံ့ပိုးပေးသည့် မြေပြင်တိုက်ပွဲများအပါ အဝင် တိုက်ခိုက်ရေးလက်နက်ကြီး ၁၁၀ ကျော် ပါဝင်ခဲ့ကြောင်း တောင်ကိုရီးယားတပ်မတော်က ပြောသည်။

      ဖျက်သင်္ဘောများ၊ ဖရီးဂိတ်စစ်ရေယာဉ်များနှင့် ကော်ဗက်များ ပါဝင်သော အရှေ့၊ အနောက်နှင့် တောင်ဘက်ရှိ ရေပြင်များတွင် ဗုဒ္ဓဟူးနေ့တွင် တောင်ကိုရီးယားရေတပ်သည် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုနှင့် ရေငုပ်သင်္ဘောဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ရေတပ်က ပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

#PAN