မြင်းခြံမြို့နယ်၊အနိမ့်ကျေးရွာအား လူသတ်အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂လုံး ဗုံးစထိမှန် ပျက်စီးခဲ့ခြင်း

ဇန်နဝါရီ ၂

ယမန်နေ့ ၃:၈ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာနေ မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ နှင့် မြို့နယ်ကော်မတီဝင်တို့ နေထိုင်သည့် နေအိမ်အား လူသတ်အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ၃ လုံး ပစ်ချ တိုက်ခိုက်ခဲ့ ကြောင်းသိရှိရပါသည်။ 

မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမန်းမြင့်နှင့် တူဖြစ်သူ ဦးမင်းသိုက်(မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မ တီဝင်)တို့ နေထိုင်သည့် နေအိမ်အား အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ၃လုံး ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ Bomb များမှာ ဦးမန်းမြင့် နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ​ပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၂ အိမ်မှ ခေါင်မိုးများ ပျက်စီးခဲ့ရကြောင်း၊ လူထိခိုက်မှု မရှိကြောင်း သတင်းရရှိပါသည်။

#PAN