မန္တလေးမြို့တွင် နှစ်သစ်ကူးညက အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်တည်ရှိရာ နန်းတွင်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ကောလာဟလ သတင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

ဇန်နဝါရီလ ၂

  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေးနန်းတွင်းအား ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းတွင် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက  ရှော့တိုက်ဒုံး ၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ကောလာဟလ သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာ  Mizzima က လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

 အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲမှု မရှိသလို၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများလည်း မတွေ့ရှိရကြောင်း၊ ကောလာဟလသတင်းများသာဖြစ်ကြောင်း သိရှိရပါသည်။

  တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ကောလာဟလသတင်းများကို လုပ်ကြံ ရေးသားပြီး ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းအဆိပ်ခတ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာရန် လှုံဆော်ရေးသား ဝါဒဖြန့်ခြင်းတို့ဖြင့် နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိခိုက်စေရန် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN