နယ်လိုင်စင်စီးတီးတက္ကစီများပါ အဝါရောင်ဘေးလိုင်းစတစ်ကာ ကပ်ရမယ်

ဇန်နဝါရီ ၁

      နယ်လိုင်စင်နှင့် မောင်းနှင်နေသော စီးတီးတက္ကစီများကိုပါ အဝါရောင်ဘေးလိုင်းစတစ်ကာ ကပ်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါသည်။

      ယခင်က ရန်ကုန်မြို့အတွင်းမောင်းနှင်နေသော ရန်ကုန်လိုင်စင် စီးတီးတက္ကစီများကိုသာ အဝါရောင်ဘေးလိုင်း စတစ်ကာ ကပ်ရမည်ဟု သတ်မှတ်ထားသော် လည်း ယခု နယ်လိုင်စင်ဖြင့် မောင်းနှင်နေသော စီးတီးတက္ကစီများကိုပါ အဝါရောင် ဘေးလိုင်းစတစ်ကာ ကပ်ရမည်ဟု သိရပါသည်။

      နယ်လိုင်စင်နှင့် မောင်းနေသော တက္ကစီများ များ ပြားလာသည့်အတွက် ယခုလိုအားလုံးတန်း တူဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု YRTC မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့ပါ သည်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော စီးတီးတက္ကစီများ အဝါရောင်စတစ်ကာကပ်ခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားကာ သတ်မှတ်ကာလကျော်လွန်ပါက  ဥပဒေအတိုင်း အရေးယူ ဆောင် ရွက်သွားမည်ဟု သိရပါသည်။ လက်ရှိ ရန်ကုန် တိုင်းအတွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီ  ၇၅ ရာခိုင်နှုန်းခန့် စတစ်ကာကပ်ပြီးကြောင်း သိရပါသည်။

#PAN