တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မြေသယ်ယာဉ်များ သိမ်းဆည်းရမိ

ဇန်နဝါရီ ၁

     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက်တွင် ကချင် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စု၊ အူဗျစ်ကျေး ရွာအနီး၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံး ပြုသည့် မြေသယ်ယာဉ် ၁၁ စီး၊ မီးခံသေတ္တာနှစ်လုံးအပါအဝင် ဆက်စပ်ပစ္စည်းငါးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈,၀၀၉,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်တွင် တောင်ငူခရိုင်အတွင်း ၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၂၉ တန် (ခန့် မှန်းတန်ဖိုးငွေကျပ် ၁၉၁,၄၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၁၅ တန်နှင့် အခြားသစ် သုည ဒသမ ၃၉၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၅၂,၆၂၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၄၄,၀၂၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ သုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၉,၂၅၃,၀၂၀) ဖြစ် ကြောင်း တရားမဝင် ကုန် သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီမှ သိရသည်။

#PAN