တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၃၁

      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန် ကြေညာလွှာတွင်
ကြေညာထားခြင်းမရှိသည့် Click LED မီးသီး ၁၀၀၈ လုံး အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၈၄,၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် စတီးဇွန်း(အကြီး) အချောင်း ၆၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်း ကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၅၈၄,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျဉ်းမနားမြို့ နယ်၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၅၈၈ တန်) (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ ဒီဇင်ဘာ ၂၉ ရက်တွင်မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်၊ ကံပြားကျေးရွာအနီး၌ လိုင်စင်မဲ့ Honda CB 400 ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ်၂,၀၀၀,၀၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေး ယူဆောင် ရွက်လျက်ရှိသည်။

       ထို့အတူ ဒီဇင်ဘာ ၂၉ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၊ သူဌေးကျွန်းရှေ့ ရေပြင်အနီး၌ သစ်သားစက်လှေတစ်စင်းပေါ်မှ တရားဝင် စာရွက်စာ တမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် ဘိလပ်မြေ ကီလိုဂရမ် ၅၀ ပါ ၂၉ အိတ်၊ Chang Beer ဘူး ၂၄၀ အပါအဝင် ကုန်ပစ္စည်း ၂၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၉၂,၆၀၀) ကို အကောက်ခွန်
လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ထား ဝယ်ခရိုင် ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်၌ လိုင်စင်မဲ့ Isuzu D-Max ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀) နှင့် ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်၌ လိုင်စင်မဲ့ Honda CRZ ယာဉ်တစ် စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ် ကွက်၌ တရားမဝင် အခြားသစ် (၂ ဒသမ ၀၇၇ တန်) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၈,၀၅၀)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၈,၂၁၀,၆၅၀)ကို သိမ်း ဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး
အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သန်လျင်မြို့နယ်၊ ကျိုက်အင်းကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဓာတ် ဆီ ၁၃၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၃၆,၀၈၄) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ ရွာသာကြီး Dry Port၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် CarCrankshaft ကီလိုဂရမ် ၃၅၀၀ (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၁,၀၂၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MAN Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ် ထုံးလုပ်နည်းများအရလည်းကောင်း (စုစုပေါင်းခန့် မှန်းတန်ဖိုးငွေကျပ် ၁၀၇,၅၆၁,၀၈၄)ကို သိမ်း ဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ဒီဇင်ဘာ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွန်းသာယာရပ် ကွက်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈လီတာပါ ၃၈၁ ပုံး၊ ပုစွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ဘူး ၄၂၀၊ နှစ်လီတာပါ ၆၁၂ ဘူးနှင့် ပဲခူးမြို့တစ်လီ တာပါ ၁၂၁၂ ဘူး၊ ပဲပိစပ်ဆီ ငါးလီတာပါ ဘူး ၄၀၀၊ ၁ ဒသမ ၉ လီတာပါ ခြောက်ဘူးနှင့် တစ်လီတာပါ ၃၈၄ ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၂၄,၀၀၀)နှင့် အဆိုပါစားအုန်းဆီများ တင် ဆောင်ထားသည့် Kia Bongo Light Truck ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) (စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၂၄,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၉ ရက်တွင် သိမ်း ဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၃,၄၆၄,၇၃၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN