ပေါက်တောမြို့အတွင်းသို့ တပ်မတော်မှ လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ မီး လောင်၊ ရမ်းဗြဲမြို့ရှိ နေအိမ်များအား တပ်မတော်မှ မီးရှို့ဖျက်ဆီးဟု မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၃၀

       ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို တပ်မ တော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ မီးလောင်နေပြီး ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း တပ်မတော်က မီးရှို့ ဖျက်ဆီးနေကြောင်း တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      ၎င်းသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ် မြေအလိုက် လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်များအရ တပ်မတော်မှ ပေါက်တောမြို့သို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း မရှိကြောင်းနှင့် ရမ်းဗြဲမြို့အတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း မရှိကြောင်းသိရှိရပြီး AA သောင်းကျန်းသူအဖွဲ့များက ပေါက်တောမြို့နှင့် ရမ်းဗြဲမြို့ပတ်ဝန်းကျင်တွင် ခိုအောင်းလှုပ်ရှားနေပြီး အခွင့်သာသည့်အချိန်တွင် မြို့/ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဝင်ရောက်မီးရှို့ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

      အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် AA သောင်းကျန်းသူ အဖွဲ့၏ လုပ် ရပ်များကို ဖုံးကွယ်ပေးရန်၊ တပ်မတော်အပေါ် ပြည်သူ လူထုမှ အထင်အမြင်လွဲမှား စေရန်နှင့် နိုင်ငံတကာစာမျက်နှာများပေါ်တွင် တပ်မ တော်ပုံရိပ်များကျဆင်းစေရန်အတွက် ကောလာဟလ သတင်းတု၊ သတင်းအမှားများကို အချိန် ကိုက် ရေးသားဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။

#PAN