မူပိုင်ခွင့်ချိုးဖောက်မှုအတွက် OpenAl နှင့် Microsoft တို့အား နယူးယောက်တိုင်းစ် တရား စွဲဆို

ဒီဇင်ဘာ ၂၉

     နယူးယောက်တိုင်းစ်သတင်းစာသည် ၎င်း၏ ဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုအတွက် OpenAl နှင့် Microsoft of prope OpenAl & Microsoft တို့၏ ဉာဏ်ရည်တုနည်းပညာ ပရိုဂရမ်များကို လေ့ကျင့်ပေးရေးအတွက် ၎င်းသတင်းစာ၏ ဆောင်းပါးများကို ရယူအသုံး ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အမေရိကန် ထိပ်တန်းသတင်းစာက အမေရိကန်တရားရုံးတစ်ခုသို့ ဒီဇင်ဘာ ၂၇ ရက်တွင် တရားစွဲဆိုခဲ့သည်။ OpenAl သည် Al chatbot Chat GPT ၏ developer ဖြစ်ပြီး Microsoft သည် ၎င်း၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ ကုမ္ပဏီနှစ်ခုသည် နယူးယောက်တိုင်းစ်၏ ဆောင်းပါးများကို ဥပဒေမဲ့ကူးယူကာ နယူးယောက်တိုင်းစ်၏ “ထူးခြားသော လက်ရာများကို အလွဲသုံးစားပြုခဲ့သဖြင့် ဒေါ်လာဘီလီယံပေါင်းများစွာ ထိခိုက်စေခဲ့သည်ဟု တိုင်ကြားချက်တွင် ဖော်ပြထားသည်။

      New York Times သည် Al စနစ်များကို လေ့ကျင့်ရန်အတွက် ၎င်း၏ဆောင်းပါးများနှင့် ဓာတ်ပုံများ အသုံးပြုခြင်းကို ပိတ်ပင်ထားခဲ့ပြီး သြဂုတ်လတွင် ၎င်း၏ ဝန်ဆောင်မှုစည်းမျဉ်းများကို မြှင့်တင်ခဲ့သည်။

      ယခုတရားစွဲဆိုမှုသည် မူပိုင်ခွင့်ချိုးဖောက်မှုအတွက် Al developer များအား အမေရိကန်မီဒီယာကြီးတစ်ခုမှ ပထမဆုံးအကြိမ် တရားစွဲခြင်းဖြစ်သည်ဟု သတင်းစာက ဆိုသည်။

#PAN