ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ လာမည့်နှစ် အစောပိုင်းတွင် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက်ရှိ

ဒီဇင်ဘာ ၂၉

     ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် လာမည့်နှစ် အစောပိုင်းတွင် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ကီရှီဒါ၏ တရားဝင် ခရီး စဉ်အတွက် အစိုးရနှစ်ရပ်က စီစဉ်မှုများပြုလုပ်နေ သည်ဟု အစိုးရသတင်းရင်းမြစ်များက ဆိုသည်။

     ထို့ပြင် ကီရှီဒါသည် အမေရိကန်အထက် လွှတ် တော်၌ မိန့်ခွန်းပြောရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နိုဝင်ဘာလတွင် ကီရှီဒါ၏ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ ဂျိုးဘိုင်ဒင်က လာမည့်နှစ်အစောပိုင်းတွင် နိုင်ငံတော် ဧည့်သည်အဖြစ် တရားဝင်လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

      ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ နိုင်ငံတော် ဧည့် သည်တော်အဖြစ် တရားဝင် လာရောက်လည်ပတ်ခဲ့ပြီးနောက် ကီရှီဒါသည် ကိုးနှစ်အတွင်းပထမဆုံး နိုင်ငံတော်ဧည့် သည်အဖြစ် အမေရိကန်နိုင်ငံသို့ တရားဝင်လာရောက်ရန် ဖိတ်ကြားခြင်းခံရသည့် ဝန်ကြီးချုပ်တစ်ဦး ဖြစ် လာသည်။

      ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်း ပမည့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား ခေါင်း ဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲ အတွက် အစီအစဉ်များ စတင်ဆောင်ရွက်လျက်ရှိသည်။ တရုတ်နှင့် နှစ်နိုင်ငံစလုံးနှင့် ဂျပန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ ရေးအရ ကွဲပြားသည်။ တိုကျိုသည် နိုင်ငံသုံးနိုင်ငံကြား ဆွေးနွေးမှုမူဘောင်ကို အသုံးပြုပြီး မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် အကြိမ်ကြိမ်ပစ်လွှတ်ခဲ့သည့်အပေါ် အမြင်ချင်းဖလှယ်ရန် ဆန္ဒရှိကြောင်း NHK သတင်းအရ  သိရသည်။

#PAN