သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်း မူယစ်ဆေးဝါးသယ်ယူပို့ဆောင်နေသူတဦး ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၈
မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်း
၊ ဝယ်ဝင်္ကရာတံတားထိပ်တွင် မူယစ်ဆေးဝါးသယ်ယူပို့ဆောင်နေသူ ၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။
ယမန်နေ့ ည ၇ နာရီအချိန်တွင် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ စခန်းကြီးကျေးရွာဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်နေကြောင်းသတင်းအရ နယ်မြေခံတာဝန်ရှ်ိလုံခြုံရေးအဖွဲ့မှ သက်သေများနှင့်အတူ သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်း၊ ဝယ်ဝင်္ကရာတံတားထိပ်တွင်စောင့်ဆိုင်းနေစဉ် မူယစ်ဆေးဝါးသယ်ယူပို့ဆောင်နေသူ ၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။

အမည်မသိအမျိုးသား ၁ ဦးစီးနင်း မောင်းနှင်လာသည့် HON DA WAVE S 100 အမျိုးအစား၊ ခဲ/မဲရောင်ဆိုင်ကယ် အမှတ် MON-26W/97097 နံပါတ်ပါ(လိုင်စင်စိစစ်ဆဲ)အားမသင်္ကာဖွယ် တွေ့ရှိရသဖြင့်ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသူမှာ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာနေ မင်းဦး ၁၈ နှစ် ၊ (ဘ)ဦးထွန်းဦး ၊ မပတ (မရှိ) ၊ မွန်/ ဗုဒ္ဓ၊ အစေးလှီးဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏ ခန္ဓာကိုယ်နှင့်ဆိုင်ကယ်အားရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားမှ အဖြူရောင်ဆာလာအိတ်အတွင်း ဘိန်းစာရွက်အစို တစ်ထုပ်လျှင် ၅၀ ကျပ်သားပါ ၁၄ ထုပ် အလေးချိန် ၁၁.၄၃၁ ကီလိုဂရမ် ၊ ကာလတန်ဖိုး ၄၅၇၂၄၀ ကျပ်ကြိ ရှာဖွေတွေ့ရှိရသဖြင့် သိမ်းဆည်းဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါသိမ်းဆည်းရမိသော ဘိန်းစာရွက်အစိုများနှင်ပတ်သက်၍ မင်းဦးအား စစ်ဆေးရာ ၎င်းသည် ဆိုင်ကယ်ဖြင့် ယမန်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရဲတံခွန်ကျေးရွာအနီးရှိ ရာဘာတောထဲရှိ ကရင်အမျိုးသား ၊ အသားလတ် ၊ အသက် ၄၀ နှစ်ခန့်ရှိ ၊ စကားပြောဝဲ ၊ လူကြီးတစ်ဦးထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ယင်းနေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် မယ(ပ)၈၄/ ၂၀၂၃၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့်အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။