ချမ်းမြသာစည်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၈

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ လမ်း ၆၀၊ ၁၀၇ x ၁၀၈ လမ်းကြားတွင် ကျော်သီဟ(ခ)ရှမ်းလေး မောင်းနှင်ပြီး နေမျိုးကျော်(ခ)ဇော်မင်းနှင့် ဝေဖြိုး ဦး(ခ)ရဲကြီးတို့လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

      အလားတူ ယင်းနေ့ နံနက် ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မဘို့ကျေးရွာအုပ်စု၊ မအိကျေးရွာရှိ အိုက်စန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂၂၀၊ ဘိန်းဖြူ သုည ဒသမ ၀၀၁၅ ကီလိုကို သိမ်းဆည်းရမိခဲ့သည်။

      ထိုသို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော တရားခံများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

#PAN