သန်းခေါင်စာရင်းကောက်ယူရာမှာ အသုံးပြုမည့် Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် တင်ဒါခေါ်

ဒီဇင်ဘာ ၂၇

     ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစီမံ ကိန်းမှာ အသုံးပြုရန်အတွက် Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူလိုကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရပါသည်။

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကို သုံးစွဲသွားမှာဖြစ်ပြီး စိတ်ပါဝင် စားသူ မြန်မာလုပ်ငန်းရှင်များက ဌာနမှ သတ်မှတ်ထားသည့် အမျိုးအစား၊ Specification များအတိုင်း တိကျမှန် ကန်စွာ တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါသည်။

      ဝယ်ယူမယ့် ပစ္စည်းများ၏ အသေးစိတ်အချက် အလက်များကို တင်ဒါစည်းကမ်းချက်မှာ ပူးတွဲဖော်ပြထားပြီး တစ်စောင်ကို ၁၀,၀၀၀ ကျပ်နှုန်းနှင့် ရောင်းချမှာဖြစ်ကာ ရုံးချိန်အတွင်း ဝယ် ယူနိုင်သည်ဟု သိရပါသည်။ အိတ်ဖွင့် တင်ဒါကို ဒီဇင်ဘာလ ၂၆ ရက်မှ ဇန်နဝါရီလ ၈ ရက်အထိရောင်းချမှာဖြစ်ပြီး ဇန်နဝါရီ လ ၈ ရက်ညနေ ၄ နာရီခွဲတွင် တင်ဒါပိတ်သိမ်းမှာဖြစ် သည်ဟု သိရပါသည်။

       တင်ဒါဝယ်ယူရန်နှင် တင်ဒါတင်သွင်းရန် စီမံ၊ထောက်ပံ့နှင့်ဘဏ္ဍာဌာန ထောက်ပံ့ဌာနခွဲ၊ ပြည်သူ့အင်အား ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ်(၄၈) နေပြည် တော်သို့ ဆက်သွယ်ဆောင်ရွက်ဝယ်ယူရမှာ ဖြစ်သည်ဟု သိရပါသည်။ အသေးစိတ်အချက် အလက်များကို သိရှိလိုပါက ဖုန်း ၀၆၇ – ၄၃၁၃၆၇/ ၄၃၁၃၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။ 

#PAN