နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း တိုက်ခိုက်မှုများတွင် လူပေါင်း ၁၆၀ သေဆုံး

ဒီဇင်ဘာ ၂၇

      နိုင်ဂျီးရီးယား အလယ်ပိုင်းတွင် ကျေးရွာများကို ဆက်တိုက် တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၆၀ ဦး ထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဒီဇင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဘော့ကော့စ်ဒေသအစိုးရ နယ်မြေရှိ ကျေးရွာတစ်ခုဖြစ်သည့် မူရှူးဒေသရှိ နွားထိန်းများနှင့် လယ်သမားများ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် သေဆုံးသူ ၁၆ ဦးရှိခဲ့ပြီး သေဆုံးသူအရေ အတွက်သည်လည်း သိသိ ။သာသာ မြင့်တက်လာခြင်း ဖြစ် သည်။

        အနည်းဆုံး လူ ၁၁၃ ဦးသေဆုံးကြောင်း အတည် ပြုခဲ့ပြီး ဒဏ်ရာရသူ ၃၀၀ ကျော်ကို ဆေး ရုံ အများအပြားသို့ လွှဲပြောင်းပေးခဲ့ကြောင်း ကုန်းပြင်မြင့် ပြည်နယ်တစ်ခုဖြစ်သော ဘော့ကော့စ်ရှိ ဒေသဆိုင်ရာ အစိုးရ အကြီးအကဲ ကတ်ဆက်က ဒီဇင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

      ယင်းပဋိပက္ခကြောင့် ဘော့ကော့စ်ဒေသရှိ ကျေးရွာပေါင်း ၁၈ ရွာတွင် သေဆုံးသူ ၁၀၄ ဦးရှိကြောင်း ကြက်ခြေနီအဖွဲ့၏ ယာယီထုတ်ပြန်ချက်အရ သိရသည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော် ပြထားသည်။

#PAN