ဇင်းကျိုက်မြို့ ၊ ဇင်းကျိုက်ရပ်ကွက်၊ အမှတ် (၈) နယ်မြေ၊ ဝါရီရူလမ်းရှိနေအိမ် ၁ လုံးမီးလောင်ကျွမ်းမှုဖြစ်ပွား

ဒီဇင်ဘာ ၂၇

ယနေ့ ၁နာရီ ၂၀ မိနစ်အချိန်တွင် မွန်ပြည်နယ် ၊
ပေါင်မြို့နယ် ၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်၊ အမှတ် (၈) နယ်မြေ၊ ဝါရီရူလမ်းတွင် (၁၅X ၂၄) ပေ သွပ်မိုး ၊ ပျဉ်ထောင်၊ ပျဉ်ခင်း နေအိမ် ၁ လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါမီးလောင်ကျွမ်းမှု ဆုံးရှုံးမှုတန်ဖိုး ၂ သိန်း ၇ သောင်း ကျပ် နှင့် ၁၀X ၁၀ ပေ ဖက်မိုး၊ ဖက်ကာ ဝါးခင်း နေအိမ် ၁ လုံး ဆုံးရှုံးမှုတန်ဖိုး ၂ သောင်း ၅ ထောင်ကျပ် ၊ စုစုပေါင်း နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ၊ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

မီးလောင်ကျွမ်းမှုတွင် အိမ်ထောင်စု ၂ စု ၊ လူ ၉ ဦး မီးဘေးသင့်ခဲ့ပြီး အသက် ၇ နှစ်အရွယ် မသွန်းပကားထော (ဘ) ဦးကြီးစိန် နှင့် ဆိတ်တစ်ကောင် (ဆုံးရှုံးမှုတန်ဖိုး ၂ သောင်းကျပ်) သေဆုံးခဲ့ကြောင်း ၊ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းအား ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

မီးဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စုများကို ဇင်းကျိုက်ရပ်ကွက် ၊ နယ်မြေ (၈) ရှိ သဒ္ဓမ္မပါလ ဘုန်းကြီးကျောင်းသို့ ယာယီပို့ဆောင် ထားကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews